တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) ၏ ဒုတိယအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုးတွေ့ဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) ၏ ဒုတိယအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုးတွေ့ဆဲဖြစ်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၁၂၁) ၏ ဒုတိယအကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးတွေ့ရှိဆဲဖြစ်ကြောင်း သိရသည်။
.
.
စဝ်စံထွန်းဆေးရုံမှ အတည်ပြုနှင့် စောင့်ကြည့်လူနာ ၁၁ ဦးတို့၏ ဓါတ်ခွဲအဖြေများကို ရန်ကုန်မြို့ရှိ အမျိုးသား ဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
"Case 121 ကတော့ ဒုတိယ အကြိမ် ဓာတ်ခွဲနာမူနာ ပို့ထားတာ postive ထွက်နေတုန်းပဲ။ ပို့ထားတာ စုစုပေါင်း ၁၁ ယောက် ရှိတယ်။ ၈ ယောက်ရဲ့ အဖြေကတော့ ရပြီ။ Negative ပဲ ၃ ယောက်ရဲ့ အဖြေ ကျန်သေးတယ်။ Case 121 ရဲ့ Contact သွားဆရာဝန်ရဲ့ အဖြေလည်း မရသေးဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူ မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ တွင် COVID 19 အတည်ပြု လူနာ ၂ ဦးရှိရာ အတည်ပြုလူနာ အမှတ် ၂၉ သည် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းရပြီဖြစ်ကာ Hotal Quarantine ဝင်နေရာ ၇ ရက် ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။
.


Journal Download

Photo of three cats