ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့လူနာအမှတ် (၁၂၁) ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေပြီး ၎င်း၏
ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့ဆောင်ထားသည်ဟု သိရသည်။
.
.
“လူနာက ကောင်းနေပါတယ်။ သူ့ရဲ့ ဓါတ်ခွဲနမူနာကို
ဒီနေ့ ထပ်ပို့ထားပါတယ်။ စဝ်စံထွန်းဆေးရုံမှာ စောင့်ကြည့် လူနာ တစ်ဦးနဲ့ အတည်ပြုလူနာ
တစ်ဦး၊ စုစုပေါင်း ၂ ဦးပဲရှိပါတယ်” ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ
ဝေဝေမွန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
လူနာအမှတ်(၁၂၁)သည် ရှမ်းပြည်နယ်၊
တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁ ရက်က
ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး လက်ရှိတွင်
စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉) နှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု
ခံယူခဲ့သော ပိုးတွေ့လူနာအမှတ် (၁၄) တို့မှာ ရောဂါပိုး မတွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း
သိရသည်။
.
.