ညမထွက်ရအမိန့်ဖြင့် အရေးယူဆောင်ရွက်ရာတွင် အသက်မပြည့်သေးသူများ ပါဝင်နေသည့်အတွက် အခက်ခဲ ဖြစ်ပေါ်နေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ညမထွက်ရအမိန့်ဖြင့် အရေးယူဆောင်ရွက်ရာတွင် အသက်မပြည့်သေးသူများ ပါဝင်နေသည့်အတွက် အခက်ခဲ ဖြစ်ပေါ်နေ ဟုဆို


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် COVID-19 ကာလအတွင်း ညမထွက်ရအမိန့်ဖြင့် ကြပ်မတ်အရေးယူ ဆောင်ရွက်ရာတွင် အသက်မပြည့်သေးသူများ ပါဝင်နေသည့်အတွက် မိဘရပ်ထံ ပြန်လည်အပ်နှံဆောင်ရွက်ပေးလျက် ရှိပြီး အခက်အခဲနှင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.
 
.
“အသက် မပြည့်တဲ့ ကလေးငယ်တွေက လူစုလူဝေးပုံစံ လုပ်တာတွေ ရှိလာရင် မိဘတွေကနေတစ်ဆင့် ဆောင်ရွက် ရတော့ ကြန့်ကြာမှုတွေလည်း ရှိတာပါ။ အသက်ပြည့်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် ရတာပါ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“အရေးယူတယ်ဆိုပေမဲ့လည်း ဘာမှ လုပ်လို့မရဘူးလေ။ ဆိုလိုချင်တာကတော့ အပြင်မှာ အဲဒီလိုမျိုး လူစုလူဝေးနဲ့ သွားပြီဆိုရင် ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ မသွားနဲ့ အစရှိတဲ့ဟာကို ကိုယ့်မိသားစုက အရင်ထိန်းရမှာပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု ဖြစ်လာရင်တော့ အများကြီး အခက်အခဲ ရှိနိုင်တာပေါ့” ဟု ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ်အတွင်း ညမထွက်ရအမိန့် စတင်ထုတ်ပြန်ခဲ့သည့်နေ့မှ ယနေ့ မေလ ၂၅ ရက်အထိ ညမထွက်ရ အမိန့်အား ဖောက်ဖျက်သဖြင့် အရေးယူထားသူ ၆၅ ဦးအထိ ရှိလာနေပြီး ယင်းကဲ့သို့ အမိန့်အား ဖောက်ဖျက်ကျူးလွန် သော်လည်း အသက်မပြည့်သေးသဖြင့် အရေးမယူသည့် အမှုများလည်း ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About