နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့
မြို့မဈေးအရှေ့ဘက်၊ တက်ခေတ်လမ်းတွင် ယနေ့ ဧပြီလ ၃ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့ပြီး
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
.
.
"ကြက်ခြေနီခေါ်ပြီး
ဆေးရုံပို့ပါပြီဗျ။ ရောဂါလက္ခဏာက အသက်ရှူကြပ်ပြီးတော့ လဲတာပါ။" ဟု တရားဥပဒေစိုးမိုးရေး
ကွန်ရက်မှ ဦးဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးကလည်း
"ဘာမှမဖြစ်ဘူး။ အခု အောင်ပန်းကို ပြန်မှာ။ အောင်ပန်းမှာနေတာပါ" ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ တွင် COVID
19 အတည်ပြု လူနာ ၂ ဦးရှိရာ အတည်ပြုလူနာ အမှတ်
၂၉ သည် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းရပြီဖြစ်ကာ Hotal Quarantine ဝင်နေရာ ၇ ရက် ပြည့်သွားဖြစ်ကြောင်း သိရသည်။
.