နန်းဝင်းရီ
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ဟိုရမ်း(၁)ကျေးရွာတွင် မေလ ၂ ရက်က ကျပ်သိန်း
၁၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊
ဟိုရမ်း(၁)ကျေးရွာနေ ကမ်ခမ်း (၅၈ နှစ်)၏ နေအိမ်တွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ
ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ် အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်
ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၁၀ဝ၀ ပြား (တန်ဖိုးငွေကျပ် ၁၁၀ဝ၀ သိန်း)နှင့်
ခြံဝန်းအတွင်းမှ မော်တော်ယာဉ် ၁ စီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကမ်ခမ်းအား
တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်
စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.