တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀ ကျော် ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မေလ ၂၂ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀ ကျော် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မေလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲခန့်က တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ ဒေါ်နန်းခမ်း (၄၈ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၀ ပြား၊ ထိုင်းဘတ်ငွေ ၁၃၀၀ ဘတ်နှင့် နေအိမ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၁၃၃၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၁၁၆၄၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁၆ ဒသမ ၄ သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဒေါ်နန်းခမ်းအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About