တာချီလိတ်တွင် ကျပ်သိန်း ၉၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ကျပ်သိန်း ၉၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်တွင် မေလ ၁ ရက် နေ့လယ်ပိုင်းက ငွေကျပ် သိန်း ၉၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁ ရက်၊ နေ့လယ်ပိုင်း က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကွက်သစ်လမ်းတွင် ဂေါက်ကွင်းလမ်းဘက်မှ ဝမ်မိုင်ကွက်သစ်လမ်း ဘက်သို့ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေသူများဖြစ်သည့် ကိုကိုလွင် ၄၇ နှစ်မောင်းနှင်ပြီး အာကာဇော် ၃၈ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာ သော လက်ဆွဲခြင်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး အာကာဇော်၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၆၀ဝ ပြား အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိမှုမှ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉၈၆၀ဝ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၈၆ သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူကာ ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats