တာချီလိတ် မြို့ရှောင်လမ်း နယ်နိမိတ်အတွင်း ပါဝင်သွားသည့် မြေယာပိုင်ရှင်များအား လျော်ကြေးငွေ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

တာချီလိတ် မြို့ရှောင်လမ်း နယ်နိမိတ်အတွင်း ပါဝင်သွားသည့် မြေယာပိုင်ရှင်များအား လျော်ကြေးငွေ ပေးအပ်

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားခဲ့သည့် မူလမြေယာပိုင်ရှင် များအား ယနေ့ မေလ ၂၅ ရက်၊ နံနက်ပိုင်းက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် မြေယာလျော်ကြေးငွေ ၁၃၆၈၉၃၀၀၀ ကျပ်ကို ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
.
 
.
ယင်းကဲ့သို့ မြေယာလျော်ကြေးငွေ ပေးအပ်ရာတွင် မူလ မြေယာပိုင်ဆိုင်ခဲ့သူများ၏ မြေအမျိုးအစား၊ အကျယ်အဝန်း နှင့် သီးနှံစိုက်ပျိုးထားရှိမှုအပေါ် မူတည်၍ တန်ဖိုးသင့်လျော်သည့် ငွေကြေးကို နှစ်ဘက်သဘောတူ သတ်မှတ်၍ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လက်ရှိ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်ပေးနေပါတယ်။ မူလ မြေယာ ပိုင်ဆိုင်မှုအနေအထားကိုလိုက်ပြီး လျော်ကြေးငွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်” ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တာချီလိတ် မြို့ရှောင်လမ်းသည် လမ်းအရှည် ၆ ဒသမ ၄ ကီလိုမီတာ ရှိပြီး အကျယ် ၄၀ ပေနှင့် လမ်းဧရိယာ ၈၄ ပေဖြစ်ကာ လမ်းတစ်လျှောက်တွင် သံကူကွန်ကရစ်တံတား ၂၇ စင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About