တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်များအား ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်များအား ပိုင်ရှင်မဲ့ ဖမ်းမိ


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာတွင် မေလ ၁၇ ရက်က ငွေကျပ် သိန်း ၁၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် လက်နက်ခဲယမ်းများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၇ ရက်၊ နံနက်ပိုင်းက သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာ ရှိ စိုင်းလှရွှေ (ခ) ဂျပန် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်မတွေ့ရှိဘဲ နေအိမ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား၊ တန်ဖိုးငွေကျပ်သိန်း ၁၂၀၊ ICE အလေးချိန် ၁ ကီလို၊ တန်ဖိုးငွေကျပ်သိန်း ၂၀၀၊ AK 47 မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ၎င်းကျည်ဘောက် ၁ ခု၊ ၎င်းကျည် ၅၇ တောင့်၊ ၅.၅၆ ကျည် ၄၈ တောင့်နှင့် ၉ မမကျည် ၂၈ တောင့်တို့အားလည်းကောင်း၊ အဆိုပါခြံဝင်း အတွင်းရှိ အဆောက်အဦးအားဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား တန်ဖိုး ငွေကျပ် ၆၀၀ သိန်း နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါခြံဝင်းနှင့် မျက်နှာချင်းဆိုင်ရှိ စိုင်းလှရွှေ (ခ) ဂျပန် ပိုင်ဆိုင်သည့် နေအိမ်အား ဆက်လက် ရှာဖွေရာ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်အိပ်ခန်း အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေ ၉၆၃၀ ဘတ် တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်စပ်လျဉ်း၍ ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats