.
သတင်းမီဒီယာသမားများ သတင်း
ရယူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး Quarantine ဝင်ရခြင်းနှင့်
ရောဂါ ကူးစက်ခံရပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထောက်ပံ့မည် ဖြစ်ကြောင်း မေလ
၅ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
.
COVID-19 ရောဂါ ဖြစ်ပွါးနေဆဲ
ကာလတွင် သတင်း သမားအချို့လူမှုရေး အခက်အခဲများ ပေါ်ပေါက်လာသဖြင့် လိုအပ်သော အကူအညီ
ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ COVID-19 ရန်ပုံငွေ အဖြစ် ငွေကျပ်သိန်း
၁၀၀ ဖြင့် မတည်ထားကာ သတင်း မီဒီယာသမားများ သတင်းရယူမှုနှင့် ပတ်သက်ပြီး Quarantine
ဝင်ခံရခြင်း၊ COVID 19 ရောဂါ ကူးစက်ခံရခြင်း ဖြစ်ပါက တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့်
ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ထောက်ပံ့ကြေး ရရှိရေးအတွက်
သတင်းမီဒီယာသမားများ အနေဖြင့် သက်ဆိုင်ရာ သတင်းမီဒီယာတိုက်မှ ထောက်ခံစာ ၊ COVID-19
ကာလအတွင်း သတင်းရယူသူ ဖြစ်ခြင်း၊ Quarantine ဝင်ရောက်နေကြောင်း သက်ဆိုင်ရာမှ အတည်ပြု
ထောက်ခံပေးသူ ဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
သတင်းမီဒီယာသမားများ အတွက်
သတင်းမီဒီယာ ကောင်စီသို့ လာရောက် လှူဒါန်းသည့် အလှူ ပစ္စည်းများနှင့် အလှူငွေ ရရှိမှုအပေါ်
မူတည်ပြီး ဆန်၊ ဆီနှင့် အခြား ကူညီ ထောက်ပံ့မှုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် မြန်မာနိုင်ငံရှိ
သတင်းမီဒီယာသမားများ စုပေါင်း၍ COVID-19 နှင့် ပတ်သက်၍ အခက်အခဲ ရှိသူများအား ကူညီ ထောက်ပံ့နိုင်ရေးအတွက်
Committee of Social Assistance for Journalists ကို ဖွဲ့စည်းနိုင်ရေးအတွက် စီစဉ်နေလျက်
ရှိကြောင်းလည်း သိရသည်၊