ကျိုင်းတုံတွင် SSA တပ်ဖွဲ့ဝင် ဟုဆိုကာ ငွေကြေးကောက်ခံမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် SSA တပ်ဖွဲ့ဝင် ဟုဆိုကာ ငွေကြေးကောက်ခံမှု ဖြစ်ပွား

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့အပေါ်ကျေးရွာတွင် မေလ ၁၈ ရက်၊ နံနက်ပိုင်းက SSA တပ်ဖွဲ့ဝင်များ ဟုဆိုကာ ယင်းကျေးရွာရှိ အိမ်ခြေ ၃၀ ထံမှ ငွေကျပ် တစ်သိန်း ကောက်ခံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
“မေလ ၁၂ ရက်မှာ ရွာကို သူတို့ရောက်လာပြီး တစ်အိမ်ကို ဆန် တစ်ပုံးခွဲစီပေးဖို့ တောင်းပါတယ်။ ဆန်မရှိရင် တစ်အိမ် ကို ငွေ ၁၅၀၀၀ ပေးရမယ်လို့ပြောပြီး ၁၈ ရက်နေ့မှာ ပြန်လာမယ်လို့ ပြောပြီး ပြန်သွားတာပါ” ဟု ပန်လော့အပေါ် ကျေးရွာသူကြီး ဦးပီဆန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အခြေစိုက် RCSS ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းအား ဆက်သွယ်မေးမြန်းရာတွင် “NCA လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ရှိပေမဲ့ ထောက်ပံ့ပေးထားတာမရှိလို့ မေတ္တာရပ်ခံပြီး ဆန်စပါးကို ကူညီထောက်ပံ့ပေးဖို့ ပြောထား ပါတယ်။ ငွေကြေးကောက်ခံခိုင်းတာ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ပထမဆုံး လက်မှတ်ရေးထိုးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats