ခွန်ရဲထွေး (ဆီဆိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုတွင် မေလ ၁၁ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ ကြောင်း သိရသည်။
.
.
အဆိုပါ မိုးသက်လေးပြင်းတိုက်ခတ်မှုကြောင့် ကုန်းဆွတ်ကျေးရွာအုပ်စု၊
မကောက်(ရှေ့)ကျေးရွာ တွင် လူနေအိမ် ၂ လုံးနှင့် မကောက်(နောက်)ကျေးရွာတွင် လူနေအိမ်
၁ လုံးတို့ အမိုးလန်ပျက်စီး မှုများဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ
၁၄၃၀၀၀၀ ကျပ်ခန့်ရှိပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင်လည်း ယင်းနေ့ နံနက်ပိုင်းက
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး ၁၀ လုံး အမိုးလန်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.