ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့ပေးမည်

စုလှိုင်
.
ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး အမျိုးသားအဆင့် ဗဟို​ကော်မတီ၏ မေလ ၈ ရက် အစည်းအ​ဝေးဆုံးဖြတ်ချက်အရ ငွေ​ကြေး​ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ မိသားစု ၄ ဦးအထိ ရှိတဲ့ အိမ်ထောင်စု စာရင်းနဲ့ ၅ ဦးနှင့် ၅ ဦးအထက် အိမ်ထောင်စု စာရင်းဆိုပြီး သူတို့ ကောက်ခိုင်းတဲ့အတိုင်း ကောက်ပြီး ပို့လိုက်ပြီ၊ ထောက်ပံ့တာက ဘယ်က ထောက်ပံ့မလဲ ဆိုတော့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဆိုတာ ရှိတယ်။ အဲ့ဒီကို ပို့လိုက်တယ်။ အဲဒီကနေ ဘယ်နှုန်းနဲ့ မိသားစု ၄ ဦးထိပါတဲ့ အိမ်ထောင်စုကို ဘယ်လောက်ထောက်ပံ့မှာ၊ ၅ ဦးနဲ့ ၅ ဦးအထက်ဆိုရင် ဘယ်လောက် ထောက်ပံ့မှာ ဆိုတာ သူတို့က လမ်းညွန်ချက် ပေးမှာ။ ငွေကြေး ပမာဏတော့ မသိသေးဘူး ” ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ပုံမှန်ဝင်​ငွေ မရှိ​သော အ​ခြေခံ လူတန်းစားများအတွက်​ ငွေ​ကြေး​ထောက်ပံ့မှုအား ​မေလ ၁၅ ရက်​မှ ၃၀ ရက်​အတွင်း တစ်ကြိမ်၊ ဇွန်လ ၁၅ ရက်​​မှ ၃၀ ရက်အတွင်း တစ်ကြိမ် အပိုင်း ၂ ပိုင်း ခွဲခြားပြီး အိမ်​ထောင်စု စာရင်းအလိုက်​ ထောက်ပံ့​ပေးရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး အမျိုးသားအဆင့် ဗဟို​ကော်မတီက နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေကြီးနှင့် ပြည်နယ် အလိုက် COVID-19 ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီများသို့ လမ်းညွှန်ထား​ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလအတွင်းက တစ်နိုင်ငံလုံးရှိ အခြေခံ လူတန်းစားများ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား ၊ ကြက်သွန်နီ ၅၀ ကျပ်သား ၊ ကုလားပဲ ၁ ပိဿာနှင့် ဆား ၅၀ ကျပ်သားဆီကို အစိုးရက ထောက်ပံ့ပေးခဲ့ပြီရှမ်းပြည်နယ်အတွင်းမှ အိမ်ထောင်စုပေါင်း ၁၁၃၃၇၃ စု ပါဝင်ကြောင်း သိရသည်။

Journal Download

Photo of three cats