ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရပ်စောက်မြို့နယ်၊ မြေနီကုန်း ကျေးရွာမှ ပထမဆုံး ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 22, 2020

ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရပ်စောက်မြို့နယ်၊ မြေနီကုန်း ကျေးရွာမှ ပထမဆုံး ရရှိ


ထမံသီ
.
ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း (SMU) ကို ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာမှ ပထမဆုံး ရရှိခဲ့ပြီး စီမံကိန်း လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
.
 
.
“စီမံကိန်းကို စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ ဝင်ငွေတိုးကဏ္ဍ တို့ကို ရှေးရှုဆောင်ရွက်တာဖြစ်ပါတယ်။ ရရှိရန်ပုံငွေပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကဏ္ဍအတွက် ကျပ်သိန်း ၃၀၊  ဝင်ငွေတိုး ကဏ္ဍအတွက် ကျပ်သိန်း ၁၂၀၊ လူမှုပတ်ဝန်းကျင် တိုးတက်ရေးကဏ္ဍအတွက် ကျပ်သိန်း ၁၅၀ ကို ကဏ္ဍ အလိုက်စီမံခန့်ခွဲပြီး မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်မှာ ပထမဆုံး အကြိမ်အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်တာပါ။ အခုဆိုရင် လုပ်ငန်းပမာဏ ၅၀ ရာခိုင်နှုန်း ပြီးစီးပါပြီ” ဟု ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၄ နှစ်က ကိုရီးယားနိုင်ငံနှင့် နားလည်မှုစာချွှန်လွှာ ရေးထိုး၍ ကျေးရွာပေါင်း ၁၀၀ ကျော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂ဝ ခုနှစ် ၅ နှစ်မြောက် စီမံကိန်း၌ ကိုရီးယား အကူအညီမပါဘဲ မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ရွေးချယ်ရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ရပ်စောက်မြို့နယ် မြေနီကုန်းကျေးရွာကို ရွေးချယ်ပြီး ရှမ်းပြည်နယ် အစိုးရ၏ ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် ပထမဆုံးအကြိမ်အဖြစ် မေလဒုတိယအပတ်မှစ၍ လုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရပ်စောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၁၅၇ ရွာရှိပြီး ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အောင်မြင်ခဲ့ပါက မြို့နယ်တွင်းရှိ အခြားကျေးရွာများမှလည်း အတုယူလိုက်ပါလုပ်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About