ညောင်ရွှေမြို့နယ်တွင် Seed Ball အလုံးရေ ၅၀၀၀၀ အား ဆူးထိုးစိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

ညောင်ရွှေမြို့နယ်တွင် Seed Ball အလုံးရေ ၅၀၀၀၀ အား ဆူးထိုးစိုက်ပျိုး


နန်းဝင်းရီ
.
အင်းလေးကန် ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်မှုတစ်ခုအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်အတွင်းရှိ တောင်ကတုံးများတွင် သစ်စေ့မြေလုံး (Seed Ball) အလုံးရေ ၅၀၀၀၀ အား ဆူးထိုးစိုက်ပျိုးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
ထိုသို့ သစ်စေ့မြေလုံး (Seed Ball) များအား ဆူးထိုးစိုက်ပျိုးရာတွင် မေလလယ်ပိုင်းက အလုံးရေ ၂၄၀၀၀ ကို စိုက်ပျိုး ခဲ့ပြီးဖြစ်ကာ ကျန်သစ်စေ့မြေလုံး ၂၆၀၀၀ အား လာမည့် ဇွန်လပမပတ်အတွင်း ဆူးထိုးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
.
“ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကြဲပြီးသွားပြီ။ အခု နောက်ထပ်တစ်ကြိမ် ထပ်ကြဲဖို့ရှိတယ်” ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆူးထိုးစိုက်ပျိုးခြင်းအား အင်းလေးကန် ရေဝေရေလဲဧရိယာဖြစ်သည့် ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပင်းတယမြို့နယ်များနှင့် မဲခေါင်မြစ်ရေဝေရေလဲဧရိယာဖြစ်သော ကျိုင်းတုံမြို့နယ်များရှိ တောင်ကတုံး များတွင် သစ်စေ့မြေလုံး ၄၇၅၇၀ အား မေလ ၁၈ ရက်တွင် တစ်ပြိုင်တည်း ဆူးထိုးစိုက်ပျိုးခဲ့ပြီးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About