ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅၀၀ ကျော်အား အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅၀၀ ကျော်အား အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြု


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၅၆၇ ကျောင်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ အသီးသီး အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
 
.
"ရှမ်းတောင်မှာ ၂၇၉ ကျောင်း ပါ ပါတယ်။ ဆရာ/ဆရာမ အင်အားက အရင်လိုပဲ လုံလောက်မှု မရှိသေးပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် ခန့်ထားမဲ့ အရေအတွက်က တိုးလာမှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရသည့် ကျောင်းများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ၁၀၁ ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ၁၈၇ ကျောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၂၇၉ ကျောင်း တို့ဖြစ်ပြီး အထက်တန်းအဆင့်သို့ တိုးမြှင့်ခံရ သည့် ကျောင်း ၂၂ ကျောင်း၊ အလယ်တန်းကျောင်းသို့ တိုးမြှင့်ခံရသည့်ကျောင်း ၅၃ ကျောင်း၊ မူလတန်းကျောင်းသို့ တိုးမြှင့်ခံရသည့်ကျောင်း ၁၁၄ ကျောင်း၊ အထက (ခွဲ) ၃၆ ကျောင်း၊ အလက (ခွဲ) ၁၀၄ ကျောင်း၊ မူလတန်းလွန် ၁၆၆ ကျောင်း၊ အမက (ခွဲ) ၇၂ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀-၂၀၂၁ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအား ဇူလိုင် တတိယပတ်မှစတင်၍ အတန်းအလိုက် သတ်မှတ်ရက် များတွင် အသီးသီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About