မိုင်းယောင်းဆလပ်ရွက် အဝယ်လိုက်၍ ဈေးကောင်းရနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

မိုင်းယောင်းဆလပ်ရွက် အဝယ်လိုက်၍ ဈေးကောင်းရနေ


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းဒေသထွက် ဆလပ်ရွက်များကို တာချီလိတ်နှင့် ကျိုင်းတုံမှ စားသုံးသူများ အဝယ်လိုက်လာသောကြောင့် ဈေးကောင်းရနေကြောင်း သိရသည်။
.
 
.
ဆလပ်ရွက်ဈေးကွက်မှာ ယခင်နှစ်က ဆလပ်ရွက်တစ်ပွင့်လျှင် ကျပ် ၂၀၀ ဝန်းကျင်ရှိရာ လှိုင်လှိုင်ပေါ်ချိန်တွင် ကျပ် ၁၅၀ မှ ၂၀၀ ခန့်သာ ရောင်းချခဲ့သော်လည်း ယခုနှစ် ဆလပ်ရွက်ပေါ်ချိန်တွင် တောင်ပေါ်ဆလပ်ရွက်ပေါ်ချိန်နှင့် မကြုံသောကြောင့် ဆလပ်ရွက်တစ်ပွင့်လျှင် ကျပ် ၂၀၀ မှ ကျပ် ၂၅၀ ရရှိရာ ယခင်နှစ်ဈေးထက် ဈေးကောင်းရနေခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုအခါ မိုင်းယောင်းတွင် ခေါက်စင်ပါထူးကို လတ်ဆတ်၍ အရသာကောင်းသော ဆလပ်ရွက်နှင့်တွဲ၍ စားသုံးသူများလာပြီး အခြားဒေသမှလည်း အဝယ်လိုက်လာခြင်းကြောင့် ဆလပ်ရွက် စိုက်ပျိုးရောင်းချသူများ မိသားစု အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About