ကျိုင်းတုံမြို့နယ်အတွင်း ဆက်ကြေးကောက်ခံသည့် RCSS/SSA တပ်ဖွဲ့ဝင် ဆိုသူများကို အမှုဖွင့်အရေးယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့နယ်အတွင်း ဆက်ကြေးကောက်ခံသည့် RCSS/SSA တပ်ဖွဲ့ဝင် ဆိုသူများကို အမှုဖွင့်အရေးယူ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ဆက်ကြေးကောက်ခံခဲ့သည့် RCSS/SSA တပ်ဖွဲ့ဝင် ဆိုသူများကို ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ ကျိုင်းတုံ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.


.
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာရှိ နေအိမ် ၃၀ ထံမှ မေလ ၁၈ ရက်က RCSS/SSA တပ်ဖွဲ့ဝင် ဆိုသူများက ငွေကျပ် ၁၀၀၀၀၀ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ငွေကြေးတောင်းခံသူများအနက် မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူးလမ်းခွဲနေ စိုင်းလုံနွန်း (၂၀ နှစ်)၊ ယန်းကြိမ်ကျေးရွာအုပ်စု၊ ယန်းဟောက်ကျေးရွာ နေ စိုင်းအွန် (၃၃ နှစ်) တို့အား ယင်းနေ့တွင် ပင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူ ၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်မှာ ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအုပ်စု၊ ဝမ်ညှင်းရွာနေ ယန်းလျှန်း (ခ) စိုင်းနော့ (၅၃ နှစ်) ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၎င်းနေအိမ်အား သွားရောက်ရှာဖွေရာ ၎င်း၏ဇနီးဖြစ်သူ နန်းရှဲန်ခန်း (၃၁ နှစ်) နှင့် စိုင်းရီတစ် (၂၁ နှစ်) တို့အနား နေအိမ်တွင် အသင့် တွေ့ရပြီး နန်းရှဲန်ခမ်း၏ အိပ်ခန်းအတွင်းမှ ဆက်ကြေးကောက်ခံရငွေဟုဆိုသည့် ငွေကျပ် ၂၀၀၆၀၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူ နန်းရှဲန်ခမ်း၏ ထွက်ဆိုချက်အရ ယင်းငွေကျပ် သိန်း ၂၀၀ ကျော်မှာ ဆက်ကြေးအဖွဲ့၏ ဒုတိယ ခေါင်းဆောင်ဖြစ်သည့် ဝမ်းညှင်းရွာနေ စိုင်းယန်း (ခ) ဩတ (၅၃ နှစ်) က သိမ်းဆည်းပေးထားရန် အပ်နှံထားသည့် ငွေများဖြစ်သည်ဟု သိရသည်။
.
ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသူ၏ ထွက်ဆိုချက်များအရ ဆက်ကြေးငွေများကို ကျိုင်းတုံမြို့နယ် အတွင်းရှိ ကတ်တောင်၊ ကတ်ဖ၊ ကတ်ထိုက်၊ ယန်းကြိမ်၊ လွယ်လုံ၊ ပန်မတ် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများမှ ကောက်ခံထားခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ရှမ်းပြည် နယ်အရှေ့ပိုင်းတာဝန်ခံ စိုင်းမိဏ်းအား ဆက်သွယ်မေးမြန်းရာတွင် ရိက္ခာအတွက် ဆန်စပါး အကူအညီပေးရန် မေတ္တာ ရပ်ခံထားခြင်းဖြစ်ပြီး ဆက်ကြေးငွေကောက်ခံရန် ညွှန်ကြားထားခြင်း မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
.
အဆိုပါအမှုမှ ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသည့် စိုင်းလုံနွန်း၊ စိုင်းအွန်၊ နန်းရှဲန်ခမ်း၊ စိုင်းရီတစ်တို့ ၄ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ စိုင်းယွန်း (ခ) ဩတ နှင့် ယွန်းလျှန်း (ခ) စိုင်းနော့တို့အား (ပ)၂၈၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

Journal Download

Photo of three cats