ရှမ်းတောင်ဒေသမှ Quarantine ဝင်ရောက်နေသူ ၃၃၆ ဦး၏ ဓါတ်ခွဲနမူနာများကို NHL သို့ ပေးပို့ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

ရှမ်းတောင်ဒေသမှ Quarantine ဝင်ရောက်နေသူ ၃၃၆ ဦး၏ ဓါတ်ခွဲနမူနာများကို NHL သို့ ပေးပို့ထား


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ Quarantine ဝင်ရောက်နေသူ စုစုပေါင်း ၃၃၆ ဦး၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့ထားသည်ဟု သိရသည်။
.
Photo - Win Naing Soe
 
.
“ရှမ်းတောင် ၁၃ မြို့နယ်က Quarantine ဝင်ရောက်နေတဲ့ ၃၃၆ ဦးရဲ့ ဓါတ်ခွဲနမူနာတွေကို ဒီနေ့ပဲ NHL ကို ပေးပို့လိုက်ပါတယ်။ လူနာ မပါပါဘူး။ Quarantine ဝင်နေသူတွေပါပဲ။ တောင်ကြီးက ၅၆ ယောက် ပါပါတယ်။ ရန်ကုန် လို ပြည်တွင်းပြန်တွေ များပါတယ်။ ပြည်ပပြန်တွေကိုတော့ လာမယ့် ဇွန်လ ၃ ရက်လောက်မှာ ဓါတ်ခွဲနမူနာ ယူဖို့ ရှိပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြည်ပပြန်များ၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးပြီးနောက် ရောဂါပိုး မတွေ့ရှိ‌ကြောင်း အဖြေရပါက ၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်ပြီး ယင်းမြို့နယ်တွင် Quarantine ၂၁ ရက်ပြည့် သည်အထိ ဆက်လက်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်းတယမြို့နယ်များသို့ မေလ ၃၀ ရက် အထိ မြဝတီမြို့မှ တဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (ပြည်တော်ပြန်) ၂၅၃ ဦး ရှိလာနေပြီးဖြစ်ပြီး ထပ်မံ၍ လူဦးရေ ၂၀၀၀ ခန့် ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About