ဟဲဟိုးတွင် စမ်းသပ်စိုက်ပျိုးနေသည့် ယိုးဒယားဖရုံသီးများ အထွက်ကောင်းသော်လည်း စျေးကွက်အခက်အခဲဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးတွင် စမ်းသပ်စိုက်ပျိုးနေသည့် ယိုးဒယားဖရုံသီးများ အထွက်ကောင်းသော်လည်း စျေးကွက်အခက်အခဲဖြစ်နေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာတွင် စမ်းသပ်စိုက်ပျိုးထားသည့် ယိုးဒယား ဖရုံသီးများမှာ အထွက်နှုန်း ကောင်းမွန်သော်လည်း စျေးကွက်မရှိသည့်အပြင် COVID-19 ကပ်ရောဂါကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
 
.
အဆိုပါ ယိုးဒယား ဖရုံသီးများမှာ နိုင်ငံခြားသားများသာ အများဆုံးစားသုံးသည့်အတွက် ၎င်းတို့ရှိရာ နေရာတွင်သာ ဈေးကွက်ရှိပြီး ဒေသတွင်းစားသုံးမှုဈေးကွက်၌ တွင်ကျယ်ခြင်းမရှိသေးကြောင်း ယိုးဒယားဖရုံသီးစိုက်သူတစ်ဦးထံက သိရသည်။
.
“ဒေသတွင်းက သိပ်မသိသေးတော့ မစားဘူး။ အသီးထွက်နှုန်းက ကောင်းတယ်။ ဒါပေမဲ့ စျေးကွက်က နိုင်ငံခြားသား ရှိတဲ့ နေရာမှာပဲ စျေးကွက်ရှိတယ်၊ ကျဉ်းလည်း ကျဉ်းတာပေါ့။ ဒီမြန်မာနိုင်ငံမှာ NGO အဖွဲ့တွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေ၊ ဒီမှာနေတဲ့ နိုင်ငံခြားသားတွေပဲ ဝယ်စားကြတယ်။ COVID ပြီးရင်တော့ ပြန်အဆင်ပြေသွားမယ် ထင်တာပဲ။ဟု ယိုးဒယားဖရုံသီး စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောသည်။
.
ယိုးဒယားဖရုံသီးများကို တစ်ကီလိုလျှင် ဒေသတွင်း စျေးကွက်၌ ၂၅ဝဝ ကျပ်နှင့် ရန်ကုန်ဈေးကွက်သို့ ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ယိုးဒယားဖရုံသီးပင်တစ်ပင်လျှင် ရက်သတ္တတစ်ပတ်အတွင်း အများဆုံး ၁၅ လုံးထိ ခူးဆွတ်ရကြောင်း သိရသည်။
.
ယင်း ယိုးဒယားဖရုံသီးကို ကိုရီးယား ထမင်းလိပ်၊ ကင်ချီ၊ ဗီဇာပြုလုပ်ရာတွင် အဓိက အသုံးပြုကြပြီး ရိုးရိုးဖရုံသီး ကဲ့သို့ပင် ကြော်ချက်၍ စားသောက်နိုင်ကြောင်း သိရသည်။
.
ယိုဒယားဖရုံသီးပင်သည် အမြင့် တစ်ပေခန့်ရှိကာ စိုက်ပျိုးပြီး ၂ လအကြာတွင် အသီးထွက်ရှိပြီး ရာသီမရွေး စိုက်ပျိုးနိုင် ကြောင်း သိရသည်။
.

Journal Download

Photo of three cats