အောင်ပန်းတွင် ဖဲရိုက်နေသူများအား လောင်းကြေးငွေနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

အောင်ပန်းတွင် ဖဲရိုက်နေသူများအား လောင်းကြေးငွေနှင့်အတူ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မေလ ၂၃ ရက်၊ ညနေပိုင်းက ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများအား လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင်များသည် မေလ ၂၃ ရက်၊ ညနေ ၅ နာရီခန့်က သက်သေများနှင့်အတူ အောင်ပန်းမြို့၊ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၅) သံလမ်း ဘေးရှိ ပြည်သာယာ စျေးပတ်လမ်း မီးရထားသံလမ်းဘေး၌ ရပ်တန့်ထားသော အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ မျိုးမင်းထွန်း (ခ) ကိုမျိုး၏ ၃ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် အောင်ပန်းမြို့၊ ပင်မှီကျေးရွာအုပ်စု၊ ကုန်းနီကျေးရွာနေသူများ ဖြစ်သည့် ဝင်းမြင့် (၅၃ နှစ်)၊ သိန်းထွန်း (၃၃ နှစ်)၊ ထွန်းချွန် (၄၄ နှစ်)၊ ဌေးလွင် (၂၀ နှစ်)၊ အောင်ကျော်မိုး (၃၃ နှစ်) တို့(၅)ဦး သည် ၃ ဘီး ဆိုင်ကယ်အား မိုးကာအစိမ်းရောင်ဖြင့် ပတ်ပတ်လည်ကာရံကာ ပိုက်ဖျာများခင်း၍ ဖဲချပ်များဖြင့် တရားမဝင် ပိုကာ လောင်းကစားနေသည်ကို လောင်းကြေးငွေကျပ် ၂၉၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင် ဖဲရိုက်လောင်းကစားနေသူ ၅ ဦးနှင့် ၃ ဘီးယာဉ် ပိုင်ရှင်ဖြစ်သူတို့ကို အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၀၂/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About