စုလှိုင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာသွားကားလမ်းတွင် မေလ ၂ ရက်၊ ညနေပိုင်းက ကျပ် ၁၀
သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
![]() |
Photo - CCDAC Myanmar |
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် သတင်းအရ ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာသွားကားလမ်းတွင်
ထာငိုကျေးရွာတွင် နေထိုင်သူ သန်းနိုင် (ခ)ထွန်းနိုင် ၃၇ နှစ် သည်
ထာငိုကျေးရွာဘက်မှ ပင်လောင်းမြို့ ဘက်သို့ လမ်းလျှောက်လာစဉ် ၎င်း လွယ်ထားသည့်
ပလိုင်းအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ကာလ တန်ဖိုး ကျပ် ၁၀
သိန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိမှုနှင့်
ပတ်သက်၍ သန်းနိုင် (ခ) ထွန်းနိုင် အားပင်လောင်းမြို့မ ရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက် များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.