နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ပင်လောင်းစော်ဘွားဟော်နန်း ပြိုကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ပင်လောင်းစော်ဘွားဟော်နန်း ပြိုကျ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ရှေးဟောင်း စော်ဘွားဟော်နန်းသည် ယနေ့ မေလ ၁၉ ရက်၊ နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ဟော်နန်းအဆောက်အဦမှာ လေဒဏ်မိုးဒဏ် ခံရမှုကြောင့် ယိုင်နဲ့ကာ ၂၀၁၆ ခုနှစ် မေလက အဆောက်အဦ အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ပြင်ဆင်မှုမရှိခြင်းကြောင့် တဖြည်းဖြည်း ယိုင်နဲ့ကာ ယနေ့မေလ ၁၉ ရက်တွင် အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
"မိုးသည်းတော့ လုံးဝပြိုကျပျက်စီးသွားပြီ။ ဟော်နန်းကြီးက ပင်လောင်းမြို့ရဲ့ သင်္ကေတလည်းဖြစ်ပြီးတော့ တိုင်းရင်းသားတို့ရဲ့ အမွေအနှစ်လည်းဖြစ်ပါတယ်။ အဝေးက ဧည့်သည်လာတိုင်း သွားရောက်လည်ပတ်တဲ့နေရာလေး တစ်ခုပါ။ ဟော်နန်းရှိစဉ်အခါတုန်းက မပြုပြင်ကြဘူး" ဟု ပင်လောင်း​မြို့နေ Shan Youths Organization မှ စိုင်းဆိုင်မှိုင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ပင်လောင်းမြို့ ခရီးစဉ်တွင် ပင်လောင်း ဟော်နန်းဟောင်းအား မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဟု ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
.
ပင်လောင်းမြို့နယ်သည် ရှမ်းစော်ဘွား နယ်မြေ ၃၄ ခုအနက် တစ်ခု အပါအဝင် ဖြစ်ပြီး ယခု ပြိုကျပျက်စီးခဲ့သော ဟော်နန်းသည် ပင်လောင်းစော်ဘွား နောက်ဆုံးမင်းဆက်ဖြစ်သော စော်ဘွားကြီး စဝ်မိုးကျော် နေထိုင်ခဲ့သည့် ဟော်နန်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats