ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ ပင်စိမ်းပင်တောင်ရွာတွင် မေလ ၉ ရက်၊ နံနက်ပိုင်းက
လူ ၆ ဦးမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ပင်စိမ်းပင်တောင်ရွာနေ အောင်လှီးသည် မေလ ၇ ရက်၊ နံနက် ၈ နာရီခွဲခန့်က
နေအိမ်အပေါ်ထပ်၌ အိပ်နေစဉ် တစ်ရွာတည်းနေ တီးမောင်မှ နေအိမ်သို့ရောက်ရှိလာပြီး စကားပြောဆိုကာ
ခဏအကြာတွင် တပူးကျေးရွာမှ ခွန်တနိုး၊ ကျော်ရင်နှင့် အမည်မသိလူငယ် ၃ ဦးတို့ထပ်မံရောက်ရှိလာပြီး
တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦး အိမ်အား တက်သည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ခေါ်ဆောင်သွားရာမှ
ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်လှီးအား ပင်စိမ်းပင်တောင်ရွာနေ တီးမောင်၊ တပူးရွာနေ
ခွန်တနိုးကျော်ရင်၊ ခွန်တထီး၊ ခွန်တလန်၊ မောင်အိမ်အပါအဝင် စုစုပေါင်း ၆ ဦးမှ ဝိုင်းဝန်းရိုက်နှက်၍
သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းအား ပင်စိမ်းပင်တောင်ရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ
ဘီလူးချောင်းဘေးတွင် မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ သေဆုံးသူ၏ ရုပ်အလောင်းအား ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူးအောင်သက်နှင့် တာဝန်ရှိသူများက သွားရောက်တူးဖော်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ အောင်လှီးအား သေဆုံးစေသည်အထိ ဝိုင်းဝန်းရိုက်နက်သူ
၆ ဦးအား နောင်တရား နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.