ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ ပင်လောင်း-အောင်ပန်းသွား ကားလမ်းပေါ်တွင်
မေလ ၆ ရက်၊ ညပိုင်းက ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုဂရမ်ခန့်နှင့် ဘိန်းဆီခဲ ၄ ဒသမ ၅ ကီလိုဂရမ်ခန့်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊
နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၆ ရက်၊ ညနေ
၆ နာရီခန့်က ပင်လောင်း-အောင်ပန်းသွားကားလမ်းမိုင်တိုင် အမှတ် ၁၅ တွင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ်
ပင်လောင်းဘက်မှ အောင်ပန်းဘက်သို့ ထင်ပေါ် (ခ) ဇောတိက မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား
စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားရှိ bailite တံဆိပ်ပါနီနက်ရောင်ကျောပိုး အိတ်အတွင်းမှ အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့်
ထုပ်ထားသည့် ဘိန်းစိမ်းဟုယူဆရသော အမဲရောင်အစေး အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ်ခန့် အထုပ်
၅ ထုပ် စုစုပေါင်း ၇ ဒသမ ၅ ကီလိုဂရမ်ခန့် နှင့်ကျော်လှိုင် မောင်းနှင်လာသည့် ဆိုင်ကယ်အား
စစ်ဆေးရာ အကြည်ရောင်ပလပ်စတစ်အိတ် ဖြင့်ထုပ်ထားသည့် ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အစေးခဲ
အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ် ခန့်စီပါ ၃ ထုပ်စုစုပေါင်း အလေးချိန် ၄ ဒသမ ၅ ကီလိုဂရမ်ခန့်အား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ
ထင်ပေါ်(ခ) ဇောတိက တောင်ကြီးမြို့နယ်၊ထီဗွာကျေးရွာအုပ်စု၊ ထီဗွာကျေးရွာတွင်နေထိုင်သူနှင့်
ကျော်လှိုင် ပင်လောင်း မြို့နယ်၊ဘန့်ဘာကျေးရွာအုပ်စု ၊နန်းထာကျေးရွာတွင်နေထိုင်သူ ၂
ဦးအား နောင်တရားနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.