ဆီဆိုင်နာနတ်သီး အထွက်နှုန်းကောင်းသော်လည်း COVID-19 ရောဂါကြောင့် လာရောက်ဝယ်ယူသူ နည်းပါး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, May 23, 2020

ဆီဆိုင်နာနတ်သီး အထွက်နှုန်းကောင်းသော်လည်း COVID-19 ရောဂါကြောင့် လာရောက်ဝယ်ယူသူ နည်းပါး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ကျောင်းခြယ်ကျေးရွာထွက် နာနတ်သီး များမှာ အထွက်နှုန်း ကောင်းမွန်သော်လည်း COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် လာရောက် ဝယ်ယူသူ နည်းပါးသဖြင့် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း နာနတ်သီးစိုက် တောင်သူများထံက သိရသည်။
.
 
.
အဆိုပါ နာနတ်သီးများအား ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံနှင့် အခြား ဒေသများ၊ ရန်ကုန်၊ မန္တလေးတို့မှ လာရောက် ဝယ်ယူသော်လည်း ယခုနှစ်တွင်  COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် လာရောက်ဝယ်ယူသူနည်းပါးပြီး အခြားဒေသများသို့ ပို့ဆောင်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
"ဒီနှစ်က ရောဂါကြောင့် လာဝယ်တဲ့သူ နည်းတယ်။ အရင်နှစ်က မန္တလေး၊ ရန်ကုန်က လာယူတယ်၊ တချို့ ဒီကနေ လည်း ပို့ပေးတယ်။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်လောက်တော့ လာမဝယ်ကြဘူး။ ပုံမှန်တော့ မရောင်းရဘူး။ ဒီရောဂါသာ မရှိရင် ပင်လုံတို့ဘက်က ကားနဲ့ လာတင်တယ်။ " ဟု ကျောင်းခြယ်ကျေးရွာနေ နာနတ်သီးစိုက်တောင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆီဆိုင်ဒေသထွက် နာနတ်သီးများတွင် အဓိကအားဖြင့် အမျိုးအစား ၂ မျိုးရှိပြီး ရိုးရိုးနာနတ်သီးနှင့် ပျားနာနတ်သီး ဟူ၍ရှိကာ ယခုလက်ရှိ ရိုးရိုးနာနတ်သီး တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ပျားနာနတ်တစ်လုံးလျှင် ၁၅၀၀ ကျပ် ဈေးနှုန်း ရရှိ ကြောင်း သိရသည်။
.
ဒေသထွက် နာနတ်သီးများအား ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရန်ကုန်၊ မန္တလေး အပါအဝင် အခြားဒေသများအား ပို့ဆောင် ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။
.
နာနတ်သီးအပင်များအား တစ်ကြိမ် စိုက်ပျိုးရာတွင် ၄ နှစ်မှ ၅ နှစ်ခန့် ထားရှိနိုင်ပြီး တစ်ပင်လျှင် တစ်နှစ် အသီး ၂ လုံးမှ ၃ လုံးခန့် ထွက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats