အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်


နန်းဝင်းရီ
.
ရှမ်းပြည်နယ်အတွင်း အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
.
 
.
“ရက်ကတော့ မသိသေးဘူး။ အတိအကျ ဘာမှမညွှန်ကြားသေးဘူး။ စာဖြေဌာနရှိတဲ့ မြို့နယ်တွေမှာ သံဃာ့နာယက တွေကို လျှောက်ထားဖို့ အကြောင်းကြားထားပါတယ်။ စာမေးပွဲကျင်းပတဲ့ အချိန်မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့ အကြောင်းကြားထားပါတယ်” ဟု ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ပုံမှန်အားဖြင့် နှစ်စဉ် မတ်လ နှင့် ဧပြီလ အတွင်း ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ယာယီ ရပ်ဆိုင်းထားခဲ့ရပြီး ရောဂါကင်းစင်သည့်အချိန်တွင် ပြန်လည်ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက မေလ ၂၆ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးရုံးများသို့ အကြောင်းကြား စာ ပေးပို့ထားခြင်းဖြစ်သည်။
.
ထို့အပြင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပရာတွင် ကျောင်းဖွင့်ရာသီနှင့် တိုက်ဆိုင် နေသည့်အတွက် အခြေခံပညာကျောင်းများအစား တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သာသနာ့ဗိမာန်များ၊ ဓမ္မာရုံများ၊ မြို့တော်ခန်းမများ၊ စာသင်တိုက်ကြီးများရှိ သာသနာ့ဗိမာန်များ၊ မိုးလုံလေလုံ အားကစားရုံနှင့် အခြား ခန်းမကြီးများတွင် ကြိုတင်ပြင်ဆင်ထားရန်၊ စားပွဲခုံများ၊ ထိုင်ခုံများ အဆင်သင့် ဆောင်ရွက်ထားရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About