ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားစေတီများအား ဆက်လက်ပိတ်ထားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားစေတီများအား ဆက်လက်ပိတ်ထားမည်


စုလှိုင်
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများကို လက်ရှိအတိုင်း ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“ဘုရားစေတီတွေက လောလောဆယ်ကတော့ မဖွင့်သေးဘူး။ လူစုလူဝေးနဲ့ Social Distancing က ဆက်ထားဖို့ လိုသေးတယ်။ စားသောက်ဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ ဈေးတွေကနေ တစ်ဆင့်ချင်း ပြန်ဖွင့်ပေးမယ်။ ညဈေး လည်း ဖွင့်ခွင့်မပေးထားဘူး။ ဆက်ပိတ်ထားမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် KTV များ၊ Night Club များ၊ Bar များကိုလည်း ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာ များအနေဖြင့် ပြန်လည်ဖွင့်လှစ်လိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာရန် အချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း အထင်ကရ ဘုရားစေတီများ ဖြစ်သော စူဠာမုနိလောကချမ်းသာစေတီတော်၊ ရွှေဘုန်းပွင့် စေတီ၊ အတုလမာရဇိန် ဆုတောင်းပြည့် မြို့လယ်ဓမ္မာရုံ အပါအဝင် ဘုရား ၂၆၀၄ ဆူ၊ စေတီ ၃၀၉၅ ဆူ၊ ပုထိုး ၂ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၃၄၄ ကျောင်းရှိပြီး ရဟန်း ၂၀၀၀ ကျော်၊ သာမဏေ ၅၀၀၀ ကျော်နှင့် သီလရှင် ၆၀၀ ကျော် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About