နောင်တရားဒေသထွက် ရွှေဖီလက်ဖက်ခြောက် ပုံမှန်အရောင်းအဝယ်ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

နောင်တရားဒေသထွက် ရွှေဖီလက်ဖက်ခြောက် ပုံမှန်အရောင်းအဝယ်ဖြစ်


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ထွက် ရွှေဖီလက်ဖက်ခြောက်များမှာ လက်ရှိတွင် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။
.
 
.
နောင်တရားဒေသမှ ထွက်ရှိသည့် ရွှေဖီလက်ဖက်ခြောက်များသည် နှစ်စဉ် ဈေးကောင်းရခဲ့သော်လည်း ယခုနှစ် မဟာ သင်္ကြန်ကာလ မတိုင်မီနှင့် သင်္ကြန်အပြီး ကာလများတွင် COVID-19 ရောဂါကြောင့် အရောင်းအဝယ် အေးခဲ့ပြီး ယခု ပုံမှန် ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
.
“COVID-19 ရောဂါ ဖြစ်ပွားစ ကာလမှာ အရောင်းအဝယ် အေးခဲ့တယ်။ အခုတော့ အရောင်းအဝယ် ပြန်ဖြစ်နေပါတယ်။ လက်ဖက်ခြောက် တစ်ပိဿာကို ၄၅၀၀ ကနေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ အကြမ်းခြောက်က တော့ တစ်ပိဿာကို ၃၀၀၀ နဲ့ ရောင်းရပါတယ်” ဟု နောင်တရားမြို့နေ လက်ဖက်ခြောက် ရောင်းဝယ်သူ ဦးခွန်တီးကျော်က ပြောသည်။
.
လက်ဖက်စိုက်ပျိုးသည့်တောင်သူများအနေဖြင့် တစ်ပိဿာအမြင့်ဆုံး ၄၇၀၀ ကျပ်ရရှိနေသော်လည်း လက်ဖက်ရွက် တစ်ပိဿာလျှင် ခူးခ ၅၀၀ ကျပ်ခန့်ရှိပြီးလက်ဖက်ရွက်အစို ၄ ပိဿာလျှင် လက်ဖက်ခြောက် တစ်ပိဿာ သာ ထွက်ရှိ သည့်အတွက် အဆိုပါဈေးနှုန်းမှာ လုပ်အားခနှင့် သယ်ယူစရိတ်မြင့်မားခြင်းကြောင့် လက်ဖက် စိုက်ပျိုးသည့် တောင်သူများအတွက် အကျိုးအမြတ် နည်းပါးနေသေးကြောင်း ၎င်းကပြောသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသ၌ တစ်နှစ်လျှင်လက်ဖက်ကုန်ချိန် ၂ သိန်းကျော်ထွက်ရှိပြီး  နောင်တရားမြို့၌လည်း လက်ဖက်ခြောက် အချိုခြောက်စက်ရုံ စတင် တည်ဆောက်နေလျက်ရှိကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About