နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မေလ ၂ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် လူနေအိမ်များအတွက် မေလ ၄ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ထောက်ပံ့ရာတွင် မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့သည့် လူနေအိမ် ၃၄၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁၂၆၃ သိန်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့သည်။
.
ထို့နောက် ကမ္ဘောဇဘဏ်က သွပ်အချပ်ရေ ၃၀၀၀၊ မတ်ကျန်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ ဥက္ကဋ္ဌ ဦးလင်းဆိုင်က သွပ်အချပ်ရေ ၅၀၀၊ ဟိုမိန်းပြည်သူ့စစ် (ဌာနေ) ဥက္ကဋ္ဌ ဦးမဟာဂျာအား အမှူးထား၍ ဦးစိုင်းကျော်လင်း၊ ဒေါ်နန်းမီးငယ်၊ ဦးစိုင်းနောင့်၊ ဒေါ်နန်းဆိုင်ငင်း မိသားစုတို့က အလှူငွေကျပ် ၃၃ သိန်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
.
ထို့နောက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးသွားသည့် အိမ်စု ၁၃ စုတို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထောက်ပံ့ပစ္စည်းနှင့် ငွေကျပ် တစ်သိန်းစီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် တစ်သိန်းစီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ကြရာ ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုဝင်များမှလက်ခံရယူပြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန(ဘေးစီမံ)မှ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ငွေကျပ် ၂၈၅၉၉၃၀ဝ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအား လိုက်လံကြည့်ရှုပြီး၊ နမ့်စန် ၁၀ မိုင်ကုန်းရှိ ဂေါ်ရခါးဘုရားကျောင်းဝင်းအတွင်း၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လေပြင်းတိုက်ခတ် မှုကြောင့် ပြိုလဲပျက်စီးသွားသည့်သစ်ပင်များကို ရှင်းလင်းပေးနေသည့် တပ်မတော်သားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
.

Journal Download

Photo of three cats