နမ့်စန်တွင် ရလခ စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

နမ့်စန်တွင် ရလခ စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်မှုထမ်း ဟောင်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ယင်းနေရာတွင် မြေပေးမိန့် ရရှိထားသူများမှ ကန့်ကွက် မှုများ ရှိနေကြောင်း သိရသည်။
.
 
.
“အားလုံး ဧက ၇၀၀ ကျော်ရှိတယ်။ နိုင်ငံတော်သမ္မတ အပါအဝင် အကြီးအကဲတွေကို စာတင်တာ ရောက်သွားပြီ။ ပြန်ကြားစာမှာတော့ ဘယ်နေ့ ဘယ်ရက်အထိ ကန့်ကွက်ပေါ့။ ကန့်ကွက်တဲ့သူ မရှိရင် အဲဒီမြေကို ယူမယ်ပေါ့။ မြေစာရင်းနဲ့ ဝမ်ပုံကျေးရွာအုပ်စုမှာ ကြော်ငြာထားတယ်။ ဒီမြေတွေက မြေလွတ်‌မြေရိုင်းမဟုတ်ဘူး။ ပိုင်ရှင်တွေ ရှိတယ်။ ငွေသွင်းထားတဲ့ ပြေစာတွေရှိတယ်။ ကျွန်မတို့အနေနဲ့ ကိုယ့်မြေကို ပြန်လိုချင်တာပါ” ဟု နမ့်စန်မြို့နေ ဒေါ်ခင်စုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်စန်မြို့၊ တိုးချဲ့အကွက်ရှိ မြေပိုင်ရှင် ၁၀ ဦးတို့သည် အမည်ပေါက် လက်ဝယ်ရရှိပြီးဖြစ်သော ၎င်းတို့ မြေများအား ခြံစည်းရိုးခတ်ခြင်း၊ မြေပြုပြင်ခြင်း၊ အိမ်ဆောက်လုပ်ခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုချက် ရရှိနိုင်ရေးအတွက် မြေစာရင်းရုံး၌ ၁၉၉၆ ခုနှစ်ခန့်က သွားရောက်ထုတ်ယူခဲ့ရာတွင် ယခင် လွိုင်လင်မြို့ (ယခု) မိုင်းနောင်မြို့ရှိ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်မှ သိမ်းယူပြီးဖြစ်ကြောင်း ပြောဆိုကာ မြေပုံများ ရေးဆွဲပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ မြေယာသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မြေပိုင်ရှင် ၁၀ ဦးတို့က မေလ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားစာ ပေးပို့ထားသည်ဟု သိရသည်။
.
ယင်းမြေများကို တပ်မတော်မှ သိမ်းဆည်းခဲ့သည် ဆိုသော်လည်း ယခုအချိန်အထိ မြေပိုင်ရှင်များအား သက်ဆိုင်ရာ ဌာနများမှ တစ်စုံတစ်ရာ အကြောင်းကြားခြင်း၊ အသိပေးခြင်း လုံးဝမရှိခဲ့ဘဲ  ၎င်းမြေမှာ မြေလွတ်မြေရိုင်းအဖြစ်သာ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါမြေများပေါ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက အရပ်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် တည်ဆောက်ရန်အတွက် ဆိုင်းဘုတ်များ စိုက်ထူထားခြင်းကြောင့် ဆုံးရှုံးနစ်နာခဲ့သော မြေပိုင်ရှင် များမှ ဥပဒေ နှင့် အညီ စိစစ်၍ မြေကွက်များအား ပြန်လည် ပေးအပ်ရန် လျှောက်ထားတင်ပြထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About