COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ တစ်ဦး ပြန်လည် သက်သာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ တစ်ဦး ပြန်လည် သက်သာ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်းနှင့် ပိုးတွေ့ အတည်ပြု  လူနာ တစ်ဦး ပြန်လည် သက်သာလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၆ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.


အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော်ဆေးရုံ (နေပြည်တော်)တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၂၂ တွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ပြီး လူနာအမှတ် (၉၆)တွင် ၂ ကြိမ်ဆက် ပိုးမတွေ့ရတော့ကြောင်းနှင့် စောင့်ကြည့်လူနာ အသစ် ၈၁ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၆၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၅၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

.

#KBZTai  #COVID19  #News

Journal Download

Photo of three cats