လားရှိုးဆေးရုံမှ COVID-19 လူနာအပါအဝင် ပြန်လည် သက်သာလာသူ ၃ ဦး ရှိ၊ ပိုးတွေ့သူ အသစ် မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးဆေးရုံမှ COVID-19 လူနာအပါအဝင် ပြန်လည် သက်သာလာသူ ၃ ဦး ရှိ၊ ပိုးတွေ့သူ အသစ် မရှိ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မတွေ့ရှိကြောင်းနှင့် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူနာအမှတ်(၁၄) အပါအဝင် ပြန်လည် သက်သာလာသူ (ထပ်တိုး) ၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၁ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၅၁ ဦးအနက် ပြန်လည်သက်သာလာသူ စုစုပေါင်း ၃၁ ဦး ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည် သက်သာလာသူများမှာ လားရှိုးဆေးရုံမှ COVID-19 လူနာအမှတ်(၁၄)၊ ဝေဘာဂီဆေးရုံမှ လူနာ အမှတ်(၁၈)နှင့် မြောက်ဥက္ကလာပ ဆေးရုံမှ လူနာအမှတ်(၉၀) တို့ ဖြစ်ပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက်တိုက် ပိုး မတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats