နမ့်ခမ်းမြို့တွင် လူ ၃ ဦးအား လက်နက်ကိုင်များက ဖမ်းဆီး ခေါ်ဆောင်သွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခမ်းမြို့တွင် လူ ၃ ဦးအား လက်နက်ကိုင်များက ဖမ်းဆီး ခေါ်ဆောင်သွား

စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်၊ ၆၅ လမ်းနှင့် ၁၀၁ လမ်းဆုံရှိ နေအိမ် တစ်လုံးသို့ မေလ ၄ ရက်၊ နေ့လယ်ပိုင်းတွင် လက်နက်ကိုင်များက မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ယင်းနေအိမ်မှ လူ ၃ ဦးအား လက်ထိပ် ခတ်၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
.
လက်နက်ကိုင်များ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသူများ၏ နေအိမ်ရှိရာ လမ်း
 “ ဧည့်ခန်းမှာ ထိုင်နေတဲ့ အဖေနဲ့ သားရယ်၊ လားရှိုးက လာလည်တဲ့ လူငယ်တစ်ဦးရယ်ကို လက်ထိပ်တွေနဲ့ ခတ်ပြီး ခေါ်သွားတာ။ သမီး​ဖြစ်သူက အခန်းထဲမှာ၊ ဝက်စာကြိတ်နေတဲ့ အမျိုးသမီးကို မကြောက်နဲ့ မကြောက်နဲ့လို့ ပြောသွားသေးတယ်။” ဟု နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်နေ ပန်ဆေးပြန်ကြားရေး လူငယ်အဖွဲ့မှ မသိမ့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ဖမ်းဆီးမှုအား မျက်မြင် တွေ့သူ တစ်ဦးကလည်း TNLA ဝတ်စုံ ဝတ်ဆင်ထားပြီး သေနတ်အရှည် ကိုင်သူမှာ ခြံဝတွင် စောင့်နေပြီး အရပ်ဝတ်ဖြင့် သေနတ်အတို ကိုင်သူ ၁ ဦးနှင့် သေနတ် မပါသူ ၂ ဦးက အိမ်ရှင် ဦးကျိန်ချိ၊ သားဖြစ်သူ ဝမ်ကွမ်း၊ လားရှိုးမှ ခေတ္တလာလည်သူ အားဖူတို့ကို လက်ထိပ် ခတ် ဖမ်းဆီး၍ PARADO အစိမ်းရောင် မော်တော်ယာဉ်ဖြင့် တင်ဆောင်ကာ နမ့်ခမ်း-မိုင်းဝီး လမ်းဘက်သို့ မောင်းနှင် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းမှ (ပ)၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats