တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ မိုင်းယုတွင် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ - Kanbawza Tai News

Breaking

Saturday, May 23, 2020

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ မိုင်းယုတွင် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့


ကိုကိုနိုင် (မိုင်းယု)
.
တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့သည် မေလ ၂၃ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယုပြည်သူ့ဆေးရုံတွင် ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
 
.
လှူဒါန်းပွဲတွင်  တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းမှူးနှင့် အဖွဲ့က COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများဖြစ်သော Surgical Mask ၂၀၀ ခု၊ OT Cap ၁၅၀ ခု၊ Face Sheild ၉၀ ခု၊ Sodium Hypo Chlorde ၁ ပုံး၊ ကြက်ဥ အလုံး ၃၀၀၊ ရွှေဖီဦးလက်ဖက်ရည် အထုပ်ကြီး ၂၀ ထုပ်နှင့် နန်းမြိုင် ကော်ဖီထုပ် ၅ ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မိုင်းယုတိုက်နယ်ဆရာဝန်နှင့် လက်ထောက်တိုက်နယ် ဆရာဝန်တို့က လက်ခံရယူခဲ့ပြီး တိုက်နယ်ဆရာဝန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့သည် ဆေးရုံတက်လူနာများအား လှည့်လည်ကြည့်ရှု့၍ လူနာများကို နို့မှုန့်၊ ကုလားပဲနှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats