မိုင်းယောင်း၌ စားသောက်ကုန်မျိုးစုံကို လက်တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသည့်စနစ် ခေတ်စားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

မိုင်းယောင်း၌ စားသောက်ကုန်မျိုးစုံကို လက်တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသည့်စနစ် ခေတ်စားလာ


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကာလအတွင်း ဒေသခံပြည်သူများသည် ဈေးထဲသို့ သွားရောက်ဝယ်ယူမှု နည်းပါးလာပြီး ဈေးရောင်းလက်တွန်းလှည်းများဖြင့် လှည့်လည်ရောင်းချသည့် အခြေခံစားသောက်ကုန်များကို ဝယ်ယူသည့်စနစ်ကို ကျင့်သုံးလာလျက်ရှိကြောင်း သိရသည်။
.
 
.
အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းကြီးမြင့်ခြင်းမရှိဘဲ ဈေးများတွင် ရောင်းချသည့် ဈေးနှုန်းအတိုင်း ရောင်းချပေးနေသဖြင့် ဈေးရောင်း လက်တွန်းလှည်းအလာကို စောင့်ဆိုင်းဝယ်ယူကြရာ အဆင်ပြေလျက်ရှိနေကြသည်။
.
ယခင်က မိုင်းယောင်းတွင် လက်တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသူ အနည်းငယ်သာရှိခဲ့ပြီး ယခုအခါ COVID-19 ရောဂါကာလတွင် နေအိမ်မှ အပြင်မထွက်ဘဲ ဈေးတွန်းလှည်းကို ဝယ်ယူသူများလာခြင်းကြောင့် ဈေးတွန်းလှည်းဖြင့် ဈေးရောင်း ဈေးဝယ်ယူသော အလေ့အကျင့် ခေတ်စားလာနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About