မိုင်းယောင်းတွင် ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရေးအတွက် ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

မိုင်းယောင်းတွင် ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မေလ ၂၇ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ ကွင်းဆင်းရာတွင် တောင်သူများ၏ ဖူးစားပြောင်း စိုက်ခင်းများတွင် ကျရောက်တတ်သော ငမြှောင်တောင်ပိုးနှင့် ပတ်သက်၍ ဖျက်ဆီးမှု လက္ခဏာများ၊ ကာကွယ်နှိမ်နင်းနိုင်မည့် နည်းလမ်းများနှင့် တောင်သူများအနေဖြင့် ဖျက်ပိုး တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ ချက်ခြင်း အကြောင်းကြားပေးရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်မိုးက ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
.
.ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖူးစားပြောင်းစိုက်ခင်းများကို FAW ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေး အတွက် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရသည်။
.
ငမြှောင်တောင် သီးနှံဖျက်ပိုး သည် ပြောင်းနှင့် အခြားသီးနှံများ ဖြစ် သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်၊ ဝါများ အပါအဝင် သီးနှံမျိုးပေါင်း ၈ဝ ကျော်ကို ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ ၁ဝဝ အ ထိ ပျံသန်း နိုင်စွမ်းရှိကာ ထိရောက် စွာ မနှိမ်နှင်းနိုင်ပါက သီးနှံအထွက် နှုန်းကို သိသိသာသာ ထိခိုက်စေနိုင် သည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှုအ ပေါ်တွင်လည်း များစွာ သက်ရောက် နိုင်သော ဖျက်ပိုးဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့မှ သတိပေးနှိုးဆော်ထားသည်။
.
ငမြှောင်တောင်ပိုးများအား ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် စိုက်ခင်း ပတ်ဝန်းကျင် ပေါင်းမြက်များကိုရှင်း လင်းရန်၊ ပိုတက်ရှ်မြေသြဇာများကို မဖြစ်မနေ သုံးစွဲရန်၊ ဥမြုံများနှင့် လောက်ကောင်များကို လူအင်အားဖြင့် ကောက်ယူ ဖျက်ဆီးရန်၊ ပင်စည်၊ အ ရွက်များတွင် ပြာမှုန့်၊ သဲမှုန့်၊ လွှစာ မှုန့်များ၊ ထုံး၊ ဆားနှင့် အဝတ်လျှော် ဆပ်ပြာများ ထည့်ပေးရန်၊ အတွင်းရှိ ပိုးများ သေစေရန်အတွက် ထိရောက် အောင် ဆေးဖျန်းရန်၊ သဘာဝပိုးနှင့် ဆေး၊ ပိုးပြေဆေး (တမာ၊ ငရုတ်၊ ဆေးရွက်ကြီး)များ ပက်ဖျန်းပေးရန်၊ မိတ်ဆွေပိုးများကို ထိန်းသိမ်းပေးရန်၊ သီးနှံမစိုက်ပျိုးမီ မြေတွင်းသို့ ဓါတုပိုး သတ်ဆေးတစ်မျိုးမျိုး ထည့်၍ ရုပ်ဖုံး များ သေစေရေး ပြုလုပ်ပေးရန်၊ စိုက် ခင်းပတ်လည် ၁ ပေခွဲ၊ ၁ ပေမြောင်း တူးရန်၊ ပိုးသတ်ဆေး ယဉ်ပါးမှုမဖြစ် စေရန်နှင့် နံနက်အစောနှင့် ညနေပိုင်း အချိန်များတွင်သာ ဆေးဖျန်းခြင်း ပြုလုပ်ရန်တို့ကို သီးနှံ ကာကွယ်ရေး ဌာနစိတ်မှ အသိပညာ ပေးလျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About