မိုင်းယောင်းတွင် မျှစ်ခါးရှည် ရှာဖွေရောင်းချသူများ အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 17, 2020

မိုင်းယောင်းတွင် မျှစ်ခါးရှည် ရှာဖွေရောင်းချသူများ အဆင်ပြေ


စိုင်းအောင်ဇော်လင်း (မိုင်းယောင်း)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့တွင် ဒေသအစားအစာတစ်မျိုးဖြစ်သည့် မျှစ်ခါးရှည် ရှာဖွေရောင်းချသူများ မိသားစု တစ်ဘက်တစ်လမ်း ဝင်ငွေရပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
 
.
မျှစ်ခါးရှည်သည် နှစ်စဉ် ကဆုန်နှင့် နယုန်လများတွင် လှိုင်လှိုင်ပေါ်ထွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
မျှစ်ခါးသည် တောတောင် လျှိုမြောင်များတွင် သဘောဝအလျောက် အလေ့ကျ ပေါက်ရောက်တတ်ကာ မိုးရေ ရရှိပြီး နောက် မျှစ်ခါးပင်စည် အခြေရှိ မျှစ်ခါးစို့များ မြေပေါ်သို့ ထွက်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
.
မျှစ်ခါးအား အမျိုးမျိုး ချက်ပြုတ်စားသုံးနိုင်ပြီး မျှစ်ခါး ၅ ချောင်းပါး တစ်စီးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း မျှစ်ခါးရှာဖွေ ရောင်းချသူများထံက သိရသည်။
.
မိုင်းယောင်းမျှစ်ခါးသည် အရသာကောင်းမွန်၍ ဝယ်ယူစားသုံးသူများခြင်းကြောင့် တစ်ရက်လျှင် ကျပ် ၅၀၀၀၀ ကျော် ပုံမှန်ရောင်းရသဖြင့် မျှစ်ခါးရှာဖွေရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About