စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ အမှတ် (၁၄၃) ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း
သိရသည်။
.
.
“လူနာက ကျန်းမာရေး ကောင်းပါတယ်။
အဖျားလည်းမရှိဘူး။ အဆုတ်လည်း ကောင်တယ်။ ဓါတ်ခွဲနမူနာ ကတော့ တစ်ခါပဲ ပို့ရသေးတယ်။ ၁၁
ရက်မြောက်နေ့မှ ထပ်ပို့ရမှာပါ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
မူဆယ်ခရိုင်အတွင်းရှိ ဆေးရုံအသီးသီးတွင်
COVID-19 သံသယလူနာ မရှိဘဲ စောင့်ကြည့်လူနာ ၁၅ ဦး ရှိနေ ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ မေလ ၅ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ ရှိနေပြီး ၎င်းတို့အနက်
၂ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ ကျန် ၅ ဦးမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင်
တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂) နှင့် မူဆယ်ပြည်သူ့ဆေးရုံ
ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) တို့ဖြစ်ကြောင်း သိရသည်။
.