မိုင်းတုံတွင် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် မေလ ၁၂ ရက်၊ ညနေပိုင်းက ဘိန်းစိမ်းနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် မေလ ၁၂ ရက်၊ ညနေ ၄ နာရီခွဲခန့်က သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုင်းတုံမြို့၊ နောင်ပါရင်ကွက်သစ်ရပ်နေ အဲလှ ၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်တွင် အဲလှနှင့် ဇနီးဖြစ်သူ ချေမီ (ခ) နာဘတ်တို့ ၂ ဦးအား အသင့်တွေ့ရပြီး ဆက်လက် ရှာဖွေရာ အဲလှထိုင်နေသည့် နေရာနှင့် ကပ်လျက် ဝဲဘက်နေအိမ်ကြမ်းပြင်မှ ဆရာခိုတံဆိပ်ပါ အဖြူရောင် ကော်ဘူး အတွင်း ထည့်ထားသည့် ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး ၁၀ ဂရမ်အားလည်းကောင်း၊ ချေမီ (ခ) နာဘတ် ဝတ်ဆင်သည့် လုံခြည်ခါးကြားတွင် ဖွက်ထားသော အမဲရောင်ကပ်ခွာအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၉၁ ပြားအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုနှင့် ပတ်သက်၍ အဲလှ (၄၀ နှစ်) နှင့် ဇနီးဖြစ်သူ ချေမီ (ခ) နာဘတ် (၃၀ နှစ်) တို့ ၂ ဦးအား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၇/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats