မူဆယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇ သောင်းကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

မူဆယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇ သောင်းကျော် ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မေလ ၃၀ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀ ပြားကို တရားခံ ၂ ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူဆယ်မြို့တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၃၀ ရက်၊ ညနေ ၃ နာရီခန့်က သတင်းအရ ဟိုမွန်ရပ်ကွက်၊ နယ်မြေ (၁၇) ရှိ ဆိုင်းခွမ်း (၄၁ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အပေါ်ထပ်မှ ဖြူနီကြား ဆာလာအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော အပန်းရောင် ဆေးပြား ၇၂၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၀၈၀ အား သိမ်းဆည်းရမိခဲ့ပြီး ဆိုင်ခွန်၏ ထွက်ဆိုချက်အရ အတူလက်တွဲလုပ်ဆောင်သူ ဘရန်တောင် (၃၂ နှစ်) ကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် PARADO အမျိုးအစား မော်တော်ယာဉ် တစ်စီးကိုလည်း ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူများ၏ စစ်ဆေးထွက်ဆိုချက်အရ ဆိုင်းခွမ်း၏ နေအိမ်သို့ မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်သူမှာ တရုတ်လူမျိုး အားဝမ် (၂၈ နှစ်) ဆိုသူဖြစ်ပြီး မေလ ၂၇ ရက်က လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများကို မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About