မူဆယ် (၁၀၅) မိုင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ရဲအရာရှိ တစ်ဦး မိမိကိုယ်ကို သတ်သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

မူဆယ် (၁၀၅) မိုင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ရဲအရာရှိ တစ်ဦး မိမိကိုယ်ကို သတ်သေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင် (၁၀၅) မိုင် စစ်ဆေးရေး မောင်းတံဂိတ်တွင် မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းက တာဝန်ကျ ရဲအရာရှိတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
“သူ့ကိုယ်သူ သတ်သေတာ။ သူများပစ်တာ မဟုတ်ပါဘူး။ ခေါင်းကို ပစ်တာပါ။ အရင်တုန်းက အရက်စွဲတယ်လို့ ပြောတယ်။ အရက်ဖြတ်ထားတာ ၂ ရက်ပဲ ရှိသေးတယ်။ ဘာကို မကျေနပ်လဲ မသိဘူး” ဟု မူဆယ်မြို့၊ ၁၀၅ မိုင် ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူဆယ်မြို့၊ တုန်ခန် နှင့် ၅ မိုင်ကြား မောင်းတံဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်တစ်ဦးသည် မေလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က ၎င်း၏အိပ်ယာပေါ်၌ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေခဲ့သဖြင့် သေဆုံးသူရဲအရာရှိကို ၁၀၅ မိုင် ရှိ ပါရမီလူမှုကူညီရေးအသင်းကားဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ခြင်းဖြစ်ကြောင်း သိသည်။
.
“ဆေးရုံတော့ရောက်နေပြီ။ သူ့ဟာသူ Suside လုပ်တယ်လို့ပြောပါတယ်။ မနက်ဖြန်တော့ ရန်ကုန်ပို့ဖို့ အကူအညီတော့တောင်းထားတယ်။ အဲလိုစီစဉ်နေကြတယ်”ဟု မူဆယ်အခြေစိုက်ဂရုဏာအသင်းတာဝန်ခံ ဦးသောင်းထွန်းက ဆိုသည်။
.
အဆိုပါသေဆုံးသူ ရဲအရာရှိမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့မှ တွဲဖက်တာဝန်လာရောက်ထမ်းဆောင်နေသူ ဖြစ်ပြီး ၎င်း၏သေဆုံးမှုကို အတည်ပြုနိုင်ရန် မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခုချိန်အထိ ဆက်သွယ်၍မရခဲ့ချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About