မူဆယ်မြို့နယ်၊ နောင်ရမ်းနှင့် နောင်မွန်ကျေးရွာများတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

မူဆယ်မြို့နယ်၊ နောင်ရမ်းနှင့် နောင်မွန်ကျေးရွာများတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နောင်ရမ်းနှင့် နောင်မွန်ကျေးရွာများအနီးတွင် မေလ ၂၈ ရက်၊ ညနေပိုင်းက လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
 
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၈ ရက် ၊ည ၆ နာရီခန့်က နောင်ရမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ တဲပျက်၏ အနောက်ဘက်ချုံပုတ်အတွင်းမှ ဆာလာအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသော အမ်-၂၁ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ အမ်-၂၀ (ပါရာပစ္စတို) ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် နောင်မွန်ကျေးရွာ  ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ လယ်စောင့်တဲပျက် အောက်၌ သွပ်ပြားဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်အဖြူရောင်ဖြင့် ထုပ်ပိုးထားသည့် အမ်-၂၂ သေနတ် ၁ လက်၊ အမ်- ၁၆ သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
.
အဆိုပါသိမ်းဆည်းရမိ လက်နက်ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
ပြီးခဲ့သည့် မေလ ၂၄ ရက်ညပိုင်းကလည်း နောင်မွန်ကျေးရွာမှ လက်နက်ငယ်များ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
. 

No comments:

Post a Comment

Journal Download

Photo of three cats

About