မူဆယ်တွင် လက်နက်ခဲယမ်းများ ထပ်မံဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

မူဆယ်တွင် လက်နက်ခဲယမ်းများ ထပ်မံဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မေလ ၂၇ ရက်က လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
 
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်က အောက်နမ့်ဟွေကျေးရွာသို့ ရောက်ရှိစဉ် သတင်းအရ တိမ်းရှောင်နေသူ အောင်ပန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိမ်ခန်းအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ အမ်-၂၂ ကျည် ၈ တောင့်အားလည်းကောင်း၊ ယင်းကျေးရွာရှိ ညီအောင် ၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဖမ်းဆီးရမိခဲ့ပြီးနောက် ဇော်ဦး၏ နေအိမ်အား ထပ်မံရှာဖွေရာ နေအိမ်ရှိ ဘုရားစင်အောက်  ကွပ်ပျစ်အောက်၌  ပီနံအိတ်ဖြင့် ထုပ်ပိုးထားသည့် အမ် -၂၂ သေနတ် ၂ လက်၊ ၎င်းကျည် ၁၀၈ တောင့်၊ ၎င်းကျည် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လွယ်ကြိုး ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အထက်နမ့်ဟွယ်ကျေးရွာရှိ အိုက်ပီး ၏  နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအတွင်း၌ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ TNLA ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံးနှင့် လက်ထိပ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
အဆိုပါဖမ်းဆီးရမိသူများနှင့် လက်နက်၊ ခဲယမ်းများအား သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About