မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အစွန် သင်္ချိုင်းအနီးတွင်
မေလ ၁၆ ရက်၊ ညနေပိုင်းက လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၆ ရက် ည ၇ နာရီခန့်က မူဆယ်မြို့အစွန် သင်္ချိုင်း အနီး၌ ရှာဖွေစစ်ဆေးရာ
အမှိုက်ကျင်းအတွင်းမှ မြေစာများဖြင့် ဖုံးအုပ် ပြီး ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပါရိအမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမ် ၂၂
မောင်းပြန် ရိုင်ဖယ် ၃ လက်၊ အမ် ၂၂ ကျည် ၁၀၂ တောင့်၊ ပါရိကျည်အိမ် ၁ ခုနှင့် အမ် ၂၂
ကျည်အိမ် ၃ ခုတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတစ်ဝိုက်အား ထပ်မံ ရှာဖွေရာ
၎င်းနေရာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ တဲပျက်အတွင်း၌ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော
ဘာရက်တာပစ္စတို (ပွိုင့်-၂၅) ၁ လက်၊ ၎င်းကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခု၊ လူဂါပစ္စတို
၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ လက်ပစ်ဗုံး အသေး (ဖြူ့စ်ပါ)
၂ လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများအား
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.