စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် မေလ ၉ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် ၂၈ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ မေလ ၉ ရက် နေ့လယ် ၁ နာရီ ခန့်က သက်သေများနှင့်အတူ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ လော်ဝင်ခိုင်း(ခ)လော်ခိုင်း (၃၄ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ် အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၀ ပြား၊ တန်ဖိုးငွေကျပ် ၂၈ ဒသမ ၃၅ သိန်းအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ လော်ဝင်ခိုင်း (ခ) လော်ခိုင်း (၃၄ နှစ်) အား
မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

Home
မှုခင်း
မူဆယ်
ရှမ်းမြောက်သတင်းများ
မူဆယ်တွင် ငွေကျပ် ၂၈ သိန်းကျော် တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူဆယ်တွင် ငွေကျပ် ၂၈ သိန်းကျော် တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Tags
# မှုခင်း
# မူဆယ်
# ရှမ်းမြောက်သတင်းများ
Share This
About Unknown
ရှမ်းမြောက်သတင်းများ
Tags
မှုခင်း,
မူဆယ်,
ရှမ်းမြောက်သတင်းများ