မူဆယ်တွင် တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မေလ ၂၆ ရက်၊ ညပိုင်းက တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ် နိုင်ငံသား ၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်အတွင်း တရားမဝင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိုလှောင်ထားရှိမှု မရှိစေရေး စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မေလ ၂၆ ရက်၊ ည ၇ နာရီခွဲ အချိန်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ မရှင်ဆိုင်းရီ (၄၆ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားမဝင် ဝင်ရောက်နေထိုင်နေသော တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသားများမှာ အိမ်ရှင် မရှင်ဆိုင်းရီ၏ခင်ပွန်းဖြစ်သူ တွမ်ချန်းရှင် (၄၁ နှစ်)၊ အာရှောင် (၃၄ နှစ်)၊ ရှောက်ဝု (၃၀ နှစ်)၊ တွမ်ကျုံပု (၃၉ နှစ်)၊ ချန်ရှင်ကြည့် (၃၃ နှစ်) နှင့် ဝူရှင်ချန့် (၂၉ နှစ်) တို့ဖြစ်ပြီး ၎င်း တို့နဲအတူ တရုတ်ဖုန်းလိုင်းမိစေရန်အသုံးပြုသော Mobile STS စက် ၁ စုံ၊ -ZTE အမျိုးအစားPower Supply ၁ လုံး၊ DELL Laptop ၁ လုံး Huawei/Oppo/Vivo အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
.
၎င်းတရုတ်နိုင်ငံသားများသည် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် စစ်ဆေးအရေးယူ နိုင်ရန် မူဆယ်လဝကရုံးသို့ ဆက်လက်အကြောင်းကြားထားရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့နယ်လဝကရုံးသို့ ကမ္ဘောဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
.
မူဆယ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
.

Journal Download

Photo of three cats