မူဆယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 23, 2020

မူဆယ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင် တိုးလ်ဂိတ်အနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တရားမဝင် ဝင်ရောက် လာသော တရုတ်နိုင်ငံသားများနှင့် လက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး၊ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
 
.
မူဆယ်မြို့ဝင်တိုးဂိတ်အနီးတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်ထွက်မှုများအား  စစ်ဆေးစဉ် မေ ၂၁ ရက်၊ည ၁၁ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ (၁၀၅)မိုင်ဘက်သို့ မောင်းနှင်လာသော Wish အမျိုးအစားမော်တော်ယာဥ် အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်ပေါ်မှ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကိုစစ်ဆေးစဉ် ယာဉ်မောင်းမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ရာ မေလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် မှ အဆိုပါယာဉ်မောင်းဖြစ်သူ စောကျော်ကျော်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
.
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၂၂ ရက်၊နံနက် ၄ နာရီခွဲခန့် တွင် မူဆယ်မြို့ (၁၀၅)မိုင်အထွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မသင်္ကာဖွယ်အဆောက်အဦ ဟောင်းတစ်လုံးအား စစ်ဆေးရာ ပီနံအိတ်ဖြင့် ထုပ်ထားသော အမ်-၂၂ သေနတ် (ကျည်အိမ်ပါ) ၃ လက်၊ ၎င်းကျည် ၆၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။
    .
အလားတူ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့၊ မြို့ဝင် စစ်ဆေးရေးဂိတ်အနီး၌ ချိန်စူရှန့်အပါအဝင် မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၆ ဦးတို့ကို ထပ်မံ၍ဖမ်းဆီးရမိခဲ့သည်။
.
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများ နှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၄ ဦးအား ဥပဒေအရ အရေးယူနိုင်ရေး မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About