မူဆယ်တွင် ထိန်းချုပ်ဓါတုဆေးပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 23, 2020

မူဆယ်တွင် ထိန်းချုပ်ဓါတုဆေးပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မေလ ၂၁ ရက်၊ နံနက်အစောပိုင်းက ထိန်းချုပ်ဓါတုဆေးပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၁ ရက်၊ နံနက် ၂ နာရီခန့်က မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအနီးတွင် လုံခြုံရေး ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာရှိ စိုင်းနက် ငှားရမ်းထားသည့် ဂိုဒေါင်အား မသင်္ကာသဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဂိုဒေါင်အတွင်းမှ ကော်ပုံးများဖြင့်ထည့်ထားသည့် Methylamine ၁၁၂၀ လီတာ၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၈ ဒသမ ၄သိန်း၊ Ethanol ၁၂၈၀၀ လီတာ၊ ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၈၄ သိန်း၊ Benzyl Cyanide ၆၈၈၀ လီတာ၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေ ကျပ် ၆၈.၈ သိန်း၊ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Sodium Ethoxide ၃၀၀၀ ကီလို၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၈၄ သိန်း၊ Dibenzoyl -L-Tartaric Acid ၁၁၂၅ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၅၆ ဒသမ ၂၅ သိန်း၊ အဖြူရောင်အမှုန့် အလေးချိန် ၁၀၉၀၀ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀၉ သိန်း၊ အမဲရောင်အခဲအလေးချိန် ၁၂၅၀ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ သိန်းနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူယင်းနေ့  နံနက် ၃ နာရီ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အဆိုပါကျေးရွာရှိ လူနေထိုင်ခြင်း မရှိသော ခြံ၀င်းအား၀င်ရောက်ရှာဖွေရာ ခြံ၀င်းအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Acetic acid Sodium ၁၅၀၀ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၃၀ သိန်း၊ ပုလင်းများဖြင့်ထည့်ထားသည့် Acetic acid ၃၀ လီတာ၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေ ၆၀၀၀၀ ကျပ်၊ အဖြူရောင်အမှုန့်အလေးချိန် ၄၀၀ ကီလို၊ ဒေသကာလ ပေါက် စျေးတန်ဖိုးငွေ ကျပ် ၄ သိန်း၊ ဂတ်စ်အိုးအခွံ ၄၀ လုံး၊ မော်တော်ယာဉ် ၅ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါသိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ဓာတုပစ္စည်းများနှင့်စပ်လျဉ်းပြီး မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း အမှုများရေးဖွင့်အရေးယူပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About