မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီးတွင် လက်ပစ်ဗုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီးတွင် လက်ပစ်ဗုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်အတွင်း မေလ ၂၈ ရက်၊ ညနေပိုင်းက လက်ပစ်ဗုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
 
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေလ ၂၈ ရက်၊ ညနေ ၄ နာရီခန့်က မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ မသင်္ကာဖွယ် လက်ဆွဲအိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ လက်ပစ်ဗုံး ၁ လုံး၊ တိုက်မိုင်း ၁ လုံး၊ တိုက်ကြိုး ၃ ချောင်း၊ ဆိုင်ကယ်ဘက်ထရီ ၂ လုံးနှင့် ရီမု ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About